an image of the author

Blog

Cant Hurt Me

David Goggins

David Goggins ရဲ့ Can’t hurt me ဆိုတဲ့ စာအုပ်ကို မဖတ်ရသေးရင် ဖတ်ကြည့်စေချင်တယ်။ အသားကျနေတဲ့ အတွေးတွေကို တပ်လှန့်ပေးလိုက်သလိုပဲ။ ဒီစာအုပ်က ဘယ်သူ့အကြောင်းရေးထားတာလဲဆိုတော့ David Goggins က သူ့အကြောင်းကို သူကိုယ်တိုင်ရေးထားတာပါ။ သုံးထားတဲ့ english စာတွေက ရိုးရှင်းလွယ်ကူပါတယ်။ တခေါက်တော့ အနည်းဆုံးဖတ်ကြည့်သင့်တဲ့ စာအုပ်ပါ။ ဖတ်လကား ဖြစ်မဲ့စာအုပ်မဟုတ်ပါဘူး။

စာအုပ်က David Goggins ရဲ့ ငယ်ဘဝကအကြောင်းတွေနဲ့ စတင်ထားပါတယ်။ အလွန်ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေနဲ့ကလေးငယ်တယောက် ဘယ်လို ပြောင်းလဲလာပြီး စိတ်ဓာတ်အရမ်းမာတဲ့လူတစ်ယောက်ဖြစ်လာပုံကို ရေးသားထားတာပါ။ audio book လဲရှိပါတယ်။ တခြား audio book တွေနဲ့ မတူတာကတော့ ဖတ်ပြတဲ့သူနဲ့ David Goggins နဲ့ နှစ်ယောက်က တခန်းကို ဖတ်ပြလိုက် ဘာ့ကြောင့်ဘယ်လိုဖစ်တယ်ဆိုတာကို ပြောပြလိုက်နဲ့ တခန်းခြင်းသွားတာပါ။ workout လုပ်တုန်း နားထောင်ရင် ကိုယ့်ဘေးမှာ David Goggins ကိုယ်တိုင် လာ train ပေးသလို ခံစားရမှာပါ။ စာအုပ်ရော audio book ရော မဖတ်ဖြစ်သေးရင်လည်း youtube မှာ အင်တာဗျူးတွေအများကြီးရှိပါတယ်။ ebook ဖတ်ချင်တယ် ဝယ်လို့အဆင်မပြေလို့ ဖတ်ချင်တယ်ဆိုရင် myomyathan.dev@gmail.com မေးလ်ပို့လိုက်ပါ။ စာအုပ်ပို့ပေးပါမယ်။ Beat your inner BITCH !! Stay hard!

Podcasts
https://www.youtube.com/watch?v=5tSTk1083VY https://www.youtube.com/watch?v=BvWB7B8tXK8 https://www.youtube.com/watch?v=Swj8GIIivXs https://www.youtube.com/watch?v=dIM7E8e9JKY